နတ်ဆိုးပူးသူ/တစ်ဦး/ကို ကျန်းမာစေတော်မူခြင်း
5
ထို့နောက် သူတို့/သည် အိုင်/တစ်ဖက်ကမ်း/၌ ရှိသော ဂါရစa/ဒေသ/သို့ ရောက်ကြ၏။ 2 ကိုယ်တော်/သည် လှေ/ပေါ်မှ ဆင်းတော်မူ/သောအခါ နတ်ဆိုးပူးသော/လူတစ်ဦး/သည် ကိုယ်တော်/နှင့် တွေ့ဆုံ/ရန် သင်္ချိုင်းဂူများ/အကြား/မှ ထွက်လာ၏။ 3 ထို/သူ/သည် သင်္ချိုင်း/၌ နေ၏။ မည်သူမျှ သူ့/ကို သံကြိုး/နှင့်ပင် ချည်နှောင်/မထားနိုင်ပေ။ 4 အဘယ်ကြောင့်ဆိုသော် သူ/သည် သံခြေချင်းများ၊ သံကြိုးများ/ဖြင့် မကြာခဏ ချည်နှောင်ထားခြင်း/ခံရ/သော်လည်း သံကြိုး/ကို/ဖြတ်/၍ သံခြေချင်းများ/ကို အပိုင်းပိုင်း/ရိုက်ဖျက်တတ်/သောကြောင့် ဖြစ်၏။ မည်သူမျှ သူ့/ကို မထိန်းချုပ်နိုင်ပေ။ 5 သူ/သည် နေ့ည/မပြတ် သင်္ချိုင်းဂူများ/၌/လည်းကောင်း၊ တောင်ကုန်းများ/ပေါ်၌/လည်းကောင်း၊ လှည့်လည်/၍ အော်ဟစ်/လျက် ကျောက်စောင်းများ/ဖြင့် မိမိ/ကိုယ်/ကို ရှစေ/လျက်/နေ၏။
6 သူ/သည် ယေရှု/ကို အဝေး/မှ မြင်/လျှင် ပြေးလာ/၍ ဝပ်တွားခယ/လျက် 7 “အမြင့်မြတ်ဆုံးသော/ဘုရားသခင်/၏/သားတော်/ယေရှု… ကိုယ်တော်/သည် အကျွန်ုပ်/နှင့် မည်သို့/ဆိုင်သနည်း။ အကျွန်ုပ်/ကို ညှဉ်းဆဲတော်မမူ/ရန် ဘုရားသခင်/ကို အမှီပြု/၍ တောင်းပန်ပါ၏” ဟု အော်ဟစ်/၍ လျှောက်လေ၏။ 8 ဤသို့/လျှောက်ရခြင်း/မှာ ယေရှု/က နတ်ဆိုး/အား “အို နတ်ဆိုး… ထို/လူ/အထဲ/မှ ထွက်သွားလော့” ဟု မိန့်တော်မူ/သောကြောင့် ဖြစ်၏။
9 ယေရှု/က “သင့်/နာမည် မည်သို့/ခေါ်သနည်း” ဟု မေး/လျှင် ထို/သူ/က “အကျွန်ုပ်/၏ နာမည်/မှာ လေဂေါင်b/ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤ/လူ/အထဲ/၌ အကျွန်ုပ်တို့/သည် များစွာ/ရှိနေ/သောကြောင့်/ဖြစ်သည်” ဟု ပြန်လျှောက်၏။ 10 ထို့နောက် နတ်ဆိုး/က မိမိတို့/ကို ထို/ဒေသ/မှ နှင်ထုတ်တော်မမူ/ရန် အနူးအညွှတ်/တောင်းပန်လေ၏။
11 ထို/အရပ်/အနီး/ရှိ တောင်ကုန်း/ပေါ်၌ ဝက်အုပ်ကြီး/တစ်အုပ်/သည် ကျက်စား/လျက်/ရှိ၏။ 12 ထိုအခါ နတ်ဆိုး/က “အကျွန်ုပ်တို့/ကို ထို/ဝက်များ/ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ပြန်၏။
13 ယေရှု/သည် ခွင့်ပြုတော်မူ၏။ ထိုအခါ နတ်ဆိုးတို့/သည် ထို/လူ/အထဲမှ ထွက်/ကာ ဝက်များ/အထဲသို့ ဝင်ကြ/သဖြင့် အရေအတွက်/အားဖြင့် နှစ်ထောင်/ခန့်/ရှိသော ဝက်အုပ်ကြီး/သည် တောင်ကုန်း/ပေါ်/မှ အိုင်/ထဲသို့ တစ်ဟုန်ထိုး ပြေးဆင်း/၍ ရေနစ်/သေဆုံးကြ၏။
14 ဝက်ကျောင်းသော/သူတို့/သည် ပြေး/၍ ထို/သတင်း/ကို မြို့ရွာတို့/တွင် ပြောပြကြ၏။ ထို့ကြောင့် လူတို့/က မည်သို့/ဖြစ်ပျက်သည်/ကို ကြည့်/ရန် ထွက်လာကြ၏။ 15 ယေရှု/ထံသို့ ထို/သူတို့ ရောက်/သောအခါ လေဂေါင်/နတ်ဆိုးပူးခံရသူ/သည် အဝတ်/ကို/ဝတ်ထား/လျက် လူကောင်း/ပကတိစိတ်/ဖြင့် ထိုင်နေသည်/ကို တွေ့မြင်ကြ/လျှင် ကြောက်ရွံ့ကြ၏။ 16 နတ်ဆိုးပူးခံရသူ/နှင့် ဝက်တို့/၏ အဖြစ်အပျက်/ကို တွေ့မြင်ခဲ့ကြသော/သူများ/က အခြားသူတို့/အား ပြောကြ၏။ 17 ထိုအခါ သူတို့/က ယေရှု/အား မိမိတို့/၏/ဒေသ/မှ ထွက်ခွာသွားတော်မူ/ရန် တောင်းပန်ကြ၏။
18 ယေရှု/သည် လှေ/ပေါ်သို့ တက်တော်မူ/လျှင် နတ်ဆိုးပူးခံခဲ့ရသူ/က ကိုယ်တော်/နှင့်အတူ လိုက်ပါခွင့်/ပြု/ရန် တောင်းပန်လေ၏။ 19 သို့သော် ယေရှု/က ခွင့်မပြုဘဲ “သင့်/အိမ်/သို့ ပြန်လော့။ ထာဝရဘုရား/သည် သင့်/အပေါ် မည်သို့/ကျေးဇူးပြုတော်မူကြောင်း/နှင့် မည်သို့/သနားကြင်နာတော်မူကြောင်း/ကို သင့်/လူမျိုးတို့/ကို ပြောပြလော့” ဟု မိန့်တော်မူ၏။ 20 ထို/သူ/သည် သွား/၍ ယေရှု/သည် မိမိ/အပေါ် မည်သို့/ကျေးဇူးပြုတော်မူကြောင်း/ကို ဒေကာပေါလိပြည်c/တွင် လှည့်လည်/ပြောဆို/ရာ လူ/များစွာတို့/သည် အံ့သြကြ၏။
သွေးသွန်/ရောဂါစွဲသော/အမျိုးသမီး/နှင့် သေရာ/မှ ပြန်ရှင်သော/မိန်းကလေး
21 ယေရှု/သည် ကမ်းတစ်ဖက်/သို့ လှေ/ဖြင့် ကူးပြန်/၍ အိုင်/နားတွင် ရှိတော်မူ/စဉ် လူအုပ်ကြီး/သည် ကိုယ်တော်/ထံသို့ စုဝေးလာ၏။ 22 ထိုအခါ ယာဣရု အမည်/ရှိသော ဂျူး/ဝတ်ပြုဆောင်မှူး/တစ်ဦး/သည် လာ/၍ ယေရှု/ကို တွေ့မြင်/သောအခါ ခြေတော်ရင်း/၌ ဝပ်တွားခယ/လျက် 23 “အကျွန်ုပ်/၏ သမီးငယ်/သည် သေလုနီးပါး/ဖြစ်/နေပါ၏။ သူ/သည် ကျန်းမာ/၍ အသက်ရှင်/နိုင်ရန် အရှင်/သည် ကြွလာ/၍ သူ့/အပေါ် လက်တော်/ကို တင်တော်မူပါ” ဟု အနူးအညွှတ်/တောင်းပန်လေ၏။
24 ဤသို့ဖြင့် ယေရှု/သည် ထို/သူ/နှင့်အတူ ကြွတော်မူ၏။ လူအုပ်ကြီး/သည်လည်း နောက်တော်သို့/လိုက်/၍ တိုးဝှေ့ကြ၏။ 25 ထို/လူအုပ်/ထဲတွင် ဆယ့်နှစ်နှစ်/ပတ်လုံး သွေးသွန်/ရောဂါစွဲသော အမျိုးသမီး/တစ်ဦး/ပါ၏။ 26 သူ/သည် ဆရာဝန်/အမြောက်အမြား/ထံ၌ ဝေဒနာ/ပြင်းစွာ ခံစား/လျက် ဥစ္စာ/ရှိသမျှ/ကို ပေး/၍ ကုသ၏။ သို့သော်လည်း မသက်သာသည့်/အပြင် ပို/၍ ဆိုးလာ၏။ 27-28 သူ/သည် ယေရှု/၏ သတင်းတော်/ကို ကြား/သောအခါ “သူ/၏/ဝတ်ရုံတော်/ကိုမျှ တို့/လျှင် ငါ/၏ ရောဂါ/ပျောက်ကင်း/လိမ့်မည်” ဟု စိတ်/ထဲ၌ ရေရွတ်/လျက် နောက်တော်/သို့ ချဉ်းကပ်/၍ ဝတ်ရုံတော်/ကို တို့လေ၏။ 29 ထိုအခါ ချက်ချင်း/ပင် သွေးသွန်ခြင်း/ရပ်/သဖြင့် မိမိ/ကိုယ်ခန္ဓာ/၌ ထို/ရောဂါ/ပျောက်ကင်းသွားကြောင်း ခံစား/သိရှိလေ၏။
30 ယေရှု/သည်လည်း မိမိ/ကိုယ်/မှ တန်ခိုး/ထွက်သည်/ကို ချက်ချင်း သိတော်မူ/လျှင် လူအုပ်/ဘက်/သို့ လှည့်/၍ “ငါ့/ဝတ်ရုံ/ကို မည်သူ/တို့ထိသနည်း” ဟု မေးတော်မူ၏။
31 ထိုအခါ တပည့်တော်တို့/က “သခင့်/ကို တိုးဝှေ့နေသော/လူအုပ်/ကို မြင်တော်မူ/ပါလျက် ‘ငါ့/ကို မည်သူ/တို့ထိသနည်း’ ဟု မေးတော်မူသလော” ဟု လျှောက်ကြ၏။
32 သို့သော်လည်း ယေရှု/သည် မည်သူ/တို့ထိသည်/ကို သိရှိ/နိုင်ရန် ဘေးပတ်လည်/သို့ ကြည့်တော်မူ၏။ 33 ထိုအခါ ထို/အမျိုးသမီး/သည် မိမိ/၌ မည်သို့/ဖြစ်သည်/ကို သိ/သဖြင့် ကြောက်ရွံ့တုန်လှုပ်/ကာ ကိုယ်တော်/ရှေ့တော်/သို့ လာ/၍ ဝပ်တွားခယ/လျက် အဖြစ်မှန်/အကုန်အစင်/ကို လျှောက်လေ၏။ 34 ယေရှု/က “သမီး… သင်/၏ ယုံကြည်ခြင်း/သည် သင့်/ကို ကျန်းမာစေပြီ။ ငြိမ်းချမ်း/စွာ သွားလော့။ သင်/၏/ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။
35 ထိုသို့ မိန့်တော်မူ/နေစဉ် ဝတ်ပြုဆောင်မှူး/ယာဣရု/အိမ်/မှ လူ/တချို့/သည် ရောက်လာ/၍ ယာဣရု/အား “အရှင့်/သမီး/သည် အသက်/မရှိတော့ပါ။ ဆရာတော်/ကို အဘယ်ကြောင့် နှောင့်ယှက်/တော့မည်နည်း” ဟု ဆိုကြ၏။
36 ယေရှု/သည် ထို/စကား/ကို ကြားတော်မူ/လျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်း/သာ ရှိစေလော့” ဟု ဝတ်ပြုဆောင်မှူး/ကို မိန့်တော်မူ၏။
37 ကိုယ်တော်/သည် ပေတရု၊ ယာကုပ်/နှင့် ယာကုပ်/၏/ညီ ယောဟန်/မှအပ မည်သူ့/ကို/မျှ လိုက်ပါခွင့်/ပေးတော်မမူ။ 38 ဝတ်ပြုဆောင်မှူး/အိမ်/သို့ ရောက်/သောအခါ ရုတ်ရုတ်သဲသဲ/ဖြစ်/လျက် ကျယ်လောင်/စွာ ငိုကြွေး/မြည်တမ်းနေကြသည်/ကို မြင်တော်မူ၏။ 39 ကိုယ်တော်/သည် အိမ်/ထဲသို့ ဝင်တော်မူ/၍ “အဘယ်ကြောင့် ဆူညံ/စွာ ငိုကြွေးနေကြသနည်း။ ဤ/မိန်းကလေး/သည် သေသည်/မဟုတ်။ အိပ်ပျော်နေခြင်း/သာ ဖြစ်သည်” ဟု မိန့်တော်မူ၏။
40 ထိုအခါ လူတို့/က ကိုယ်တော်/ကို ပြက်ရယ်ပြုကြ၏။ သို့သော် ကိုယ်တော်/သည် ရှိသမျှ/လူတို့/ကို အပြင်/သို့ ထွက်စေပြီး/လျှင် မိန်းကလေး/၏/မိဘများ/နှင့် တပည့်တော်/သုံးပါး/တို့ကို ခေါ်/၍ ထို/မိန်းကလေး/ရှိ/ရာ အခန်း/ထဲသို့ ဝင်တော်မူ၏။ 41 ကိုယ်တော်/သည် မိန်းကလေး/၏ လက်/ကို/ကိုင်တော်မူ/လျက် “တာလိတကုမိ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “မိန်းကလေး… ထလော့” ဟု ဆိုလို၏။ 42 ထိုအခါ မိန်းကလေး/သည် ချက်ချင်း/ထ/၍ လမ်းလျှောက်လေ၏။ သူ/သည် ဆယ့်နှစ်နှစ်/အရွယ်/ရှိ၏။ ထိုအခါ လူတို့/သည် အလွန်/အံ့အားသင့်ကြ၏။ 43 ထို/အဖြစ်အပျက်/ကို မည်သူ့/ကိုမျှ မပြော/ရန် ယေရှု/သည် သူတို့/အား တင်းကျပ်/စွာ သတိပေးတော်မူ/ပြီးနောက် ထို/မိန်းကလေး/ကို စားစရာ/ကျွေး/ရန် မိန့်တော်မူ၏။